တီးတိန် စက်တင်ဘာ ၁၅
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများအား ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို တီးတိန် (မြို့နယ် ပြန်/ဆက်)ရုံး၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် တီးတိန်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဆွင့်ခန့်ခမ်က အမှာစကား ပြောကြားပြီး သင်တန်း သင်ခန်းစာ မိတ်ဆက်ခြင်း၊ သင်တန်းများ၏ ရွေးကောက်ပွဲနှင့်ဆိုင်သော အခြေခံဗဟုသုတ များအား ကိုယ်တိုင် အကဲဖြတ်ခြင်းနှင့် စာရင်းပြုစုခြင်း ဆိုင်ရာများပို့ချသည်။
သင်တန်းတွင် ရွေးကောက်ပွဲပြစ်မှု၊ ပြစ်ဒဏ်ဆိုင်ရာနှင့် တရားမဲ့ပြုကျင့်မှု၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရလဒ်များ ထုတ်ပြန်ခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ လုပ်ငန်းလမ်းညွှန်ချက်နှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲရုံမှူး၊ဒု-မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ ကြိုတင်မဲပေးခြင်း၊ ပုံစံများအသုံးပြုခြင်း ဆိုင်ရာများ ကို မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က ပို့ချကြသည်။
ယခုသင်တန်းကို တီးတိန်မြို့နယ်အတွင်းရှိ ခိုင်ကမ်းမြို့အပါအဝင် ရပ်ကွက်(၈)ခုနှင့် ကျေးရွာအုပ်စု(၅၅)မှ အုပ်စုအဖွဲ့ခွဲပြီး တစ်ဖွဲ့လျှင် သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးကန့်သတ် ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ဒိမ့်စန်းကိမ် ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)