မတူပီ စက်တင်ဘာ ၁၅
ချင်းပြည်နယ်၊ မတူပီမြို့၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မတူပီ ခရိုင်ဦးစီးမှူးရုံး ဆိုင်းဘုတ်တင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မတူပီမြို့၊ ခိုဘွေရပ်ကွက်၊ မြို့နယ်လဝကရုံး၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မတူပီခရိုင် တရားသူကြီး ဦးကြည်မင်းစိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကို တို့က အဆိုပါ ဆိုင်းဘုတ်အား သပြေပန်းဖြင့် အမွှေးနံ့သာ ပက်ဖျန်းကြသည်။ ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းဌေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် တို့ကလည်ကောင်း၊ ခရိုင်လဝက ဦးစီးမှူး ဦးစိုင်းသန်းလှိုင် နှင့် မတူပီခရိုင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးတို့ကလည်းကောင်း ဆိုင်းဘုတ်သစ်အား အမွှေးနံ့သာရေဖြင့် ပက်ဖျန်းခဲ့ကြသည်။
မတူပီခရိုင်အဆင့် ရုံးများမှာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ခရိုင်ရဲတပ်ဖွဲ့ရုံး၊ ခရိုင်တရားရေးရုံး၊ ခရိုင်ဥပဒေရုံး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ခရိုင်စိုက်ပျိုရေးဦးစီးဌာနရုံး၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်မီးသတ်ရုံးနှင့်ခရိုင်လဝကရုံး စုစုပေါင်း (၉)ရုံး ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)