စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ ညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 15,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ကလေးမြို့တွင် နိုင်ဝင်ဘာလ(၈)နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၊ပါတီ များနှင့် ရွေးကောက်ပွဲတွင်သက်ဆိုင်သူများအကြား အငြင်းပွားမှုဖြင့်မဲဆွယ်စည်းရုံးရေးကာလ အတွင်း တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့် လုပ်ငန်း စဉ်လက်စွဲနှင့်အညီ အချိန်တိုအတွင်း လွယ်ကူလျှင်မြန်စွာဖြေရှင်းဆောင်ရွက်နိုင်ရေးတို့အတွက် ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းရေး ကော်မတီဝင်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်း ၁၀နာရီ အချိန်က ကလေးခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင်ကျင်းပခဲ့ကြောင်းသိရသည်။