လားရှိုး စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ် များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ် တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၁၇)ဦး၊ အမျိုးသမီး (၂၃)ဦး စုစုပေါင်း (၄၀)ဦး တို့ကို ထပ်မံပို့ဆောင် ပေးနိုင်ခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၄၀)ဦးတို့တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ (၂၁)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၂) ဦး၊ မကွေးတိုင်းဒေသကြီးမှ (၉)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၄)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၂)ဦး၊ ရခိုင်ပြည်နယ်မှ (၂)ဦး တို့ဖြစ်ကြသည်။ ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးရာတွင် မေလ(၆) ရက်နေ့မှ စက်တင်ဘာလ (၁၅)ရက်နေ့အထိ နေရပ်ပြန်ပြည်သူ အမျိုးသား (၉၈၇၂) ဦး၊ အမျိုးသမီး (၆၂၆၀) ဦး စုစုပေါင်း (၁၆၁၃၂) ဦး တို့အား လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့သည်။
နန်းသန္တာဦး(ပြည်နယ်၊ပြန်/ဆက်)