ငါန်းဇွန်၊ စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်း (မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ) က မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင် မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှုပြဿနာ တစ်စုံတစ်ရာပေါ် ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဆောင်ရွက်ရန် စံ (၅) ရပ်ဖြစ်သည့် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေမည့်လုပ်ငန်းစဉ်များအတိုင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ကျင်းပသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက ကိုဗစ်-၁၉ ကာလ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်စည်းရုံးခြင်းနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးရာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)