သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင်များ အိမ်တိုင်ရာရောက် ထောက်ပံ့
Sep 16,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် အမျိုးသားလူမှုရေးပင်စင်များကို ယမန်‌နေ့မွန်းလွဲ (၂) နာရီက ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးအားလုံး နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိ ရောင်းချခွင့်ပြုကြောင်း အသိပေးကြေညာ
Sep 16,2020
အင်္ဂပူမြို့ မြို့မဈေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါထိန်း ချုပ်ရေးနှင့် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် ယနေ့နံနက်ပိုင်းက ဈေးဆိုင်ခန်း များ၊ ပျံကျဈေးသည်မျာနှင့် လမ်းဘေးဈေးဆိုင်များအား နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိ ရောင်းချရန် အသိပေးကြေညာခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်းရှိ အလှူရှင်များမှ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အလိုအလျောက် အပူချိန်တိုင်းတာစက်နှင့် အလှူငွေများ ပေးအပ်လှူဒါန်း
Sep 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများမှ စုပေါင်း၍ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Scan စက်ဖြင် အလိုအလျောက် ကိုယ်အပူချိန် တိုင်းတာသော ငွေကျပ်သုံးသိန်းခြောက်ထောင်တန်ဖိုးရှိ ကိုယ်အပူချိန်တိုင်းတာစက်(၁)လုံးနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
တောင်သာမြို့နယ်တွင် Online ပရဟိတအသင်းဝင်များက နှာခေါင်းစည်းများဖြန့်ဝေ
Sep 16,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေ (၄) နာရီအချိန်က တောင်သာမြို့ပေါ်ရှိ ကမော္ဘဇဘဏ်ရှေ့တွင် Online ပရဟိတအသင်းဝင်များက လမ်းသွား လမ်းလာ ပြည်သူများအား ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ Quarantine ထားရှိသူ (၁၄)ဦး၏ Swab နမူနာများ ဓာတ်ခွဲစစ်ဆေးရန် ဓာတ်ခွဲခန်းသို့ ပို့ဆောင်
Sep 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ Quarantine ထားရှိသူ (၁၄)ဦး၏ Swab နမူနာများအား ဓာတ်ခွဲခန်းစစ်ဆေးရန် ယမန်နေ့ညနေ(၄)နာရီကရယူခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့နယ်အတွင်း ကျေးရွာများရှိ စာသင်ကျောင်းများတွင် လိုအပ်လျက်ရှိသော ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း ထောက်ပံ့ပေးအပ်
Sep 16,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာနက ထောက်ပံ့ပေးသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဟိန္ဒားကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်လျက်ရှိသော ကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မတူပီမြို့၌ “ညမထွက်ရ” အမိန့် ထုတ်ပြန်ခြင်း အသိပညာပေး ကြေညာ
Sep 16,2020
မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် “ညမထွက်ရ” အမိန့်ကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးအောင်မြင်
Sep 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် မိုင်းပျဉ်းမြို့နယ် အတွင်းရှိ ကျေးရွာ (၆) ရွာ တွင် အကောင်ထည်ဖေါ် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးအောင်မြင်ပြီဖြစ်ကြောင်း သိရသည်။