တောင်သာ စက်တင်ဘာ ၁၆
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေ (၄) နာရီအချိန်က တောင်သာမြို့ပေါ်ရှိ ကမော္ဘဇဘဏ်ရှေ့တွင် Online ပရဟိတ အသင်းဝင်များက လမ်းသွား လမ်းလာ ပြည်သူများအား ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာတွင် Online ပရဟိတအသင်းဥက္ကဋ္ဌ ဦးကျော်သူမိုးဦးဆောင်၍ အသင်းဝင် များက စုပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်သည့်အနေဖြင့် နှာခေါင်းစည်း အခု (၅၀၀) နှင့်သိပညာပေး လက်ကမ်းစာစောင် (၅၀၀) တို့ကို လမ်းသွား လမ်းလာ ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်သွားလာကြစေရန် ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)