သတင်းများ

ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေးအန္တရာယ်များအကြောင်း သိရှိစေရန် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်
Sep 16,2020
လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့ နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်နှင့် ၀န်ထမ်းများ၊ နန်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေးအန္တရာယ်များ အကြောင်းသိရှိစေရန် အသံချဲ့စက်များဖြင့် ယမန်နေ့နံနက် ၉ နာရီအချိန်က တောင်ယာကမ်းကျေးရွာတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
တွန်းဇံ၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 16,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက်(၉)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 16,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အစည်းအဝေး ခန်းမ၌ ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီ မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁) နာရီကကျင်းပပြုလုပ်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာရမည့်အချက်များအား ပြည်သူများသို့ အသိပေးနှိုးဆော်
Sep 16,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန် အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများ လိုက်နာရမည့်အချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် နှိုးဆော်ပေး ကြောင်း သိရသည်။
ရွှေကူမြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများအတွက် ကိုဗစ်−၁၉ရောဂါကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း
Sep 16,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများအတွက် Access to Health Fund အထောက်အပံ့ဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း MHAA-Real Projectမှ ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းသုံး ပစ္စည်းများကို စက်တင်ဘာလ ၁၄ ရက် ညနေ ၃ နာရီခွဲအချိန်တွင် မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးရုံး၌ ပေးအပ်လှူဒါန်းခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ် ရသယာကျေးရွာ မိုးမြေပဲဆင်းပဒေသာ (၁၁) မျိုးသန့် စံကွက်ရိတ်သိမ်း
Sep 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ် ဝယာကျေးအုပ်စု၊ ရသယာကျေးရွာ တောင်သူ ဦးစောထွန်းကွင်းအမှတ် (၈၁ / က) ဦးပိုင်အမှတ် (၄၇) တွင် စိုက်ပျိုးထားသော ဆင်းပဒေသာ (၁၁) မျိုးသန့် စံကွက်ရိတ်သိမ်းခြင်းကို စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားအဝေးပြေးယာဉ်ရပ်နားစခန်းတွင် ကုန်တင်ယာဉ်များအား ဖြတ်သန်းသွားလာခွင့်လက်မှတ်များ စိစစ်ထုတ်ပေး
Sep 16,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ ဒေါနဘွားအဝေးပြေးယာဉ် ရပ်နားစခန်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက စတင်၍ ကုန်တင်ယာဉ်များအား ဖြတ်သန်းသွားလာခွင့်လက်မှတ်များ စိစစ်ထုတ်ပေးခြင်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများ ပေးဝေလှုပ်ရှားမှုပြုလုပ်
Sep 16,2020
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ညောင်ဦးမြို့ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ညောင်ဦးမြို့ လမ်းဆုံမီးပွိုင့်နေရာများနှင့် မဏိစည်သူဈေး ပတ်ဝန်းကျင်တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ပညာပေးလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများပေးဝေ လှုပ်ရှားမှုပြုလုပ်ခဲ့ကြာင်း ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်ကြူကြူလွင် (လက်ထောက်ညွှန်ကြားရေးမှူး) ထံက သိရသည်။