မတူပီမြို့၌ “ညမထွက်ရ” အမိန့် ထုတ်ပြန်ခြင်း အသိပညာပေး ကြေညာ

မတူပီ စက်တင်ဘာလ  ၁၆

မတူပီမြို့၌   ကိုဗစ်−၁၉ ရောဂါ    ကူးစက်ပျံ့နှံမှု မရှိစေရေးနှင့်    အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် “ညမထွက်ရ” အမိန့်ကို  ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

“ညမထွက်ရ” အမိန့်ကို ထုတ်ပြန်သည့်နေ့မှစ၍ ပူးပေါင်းစစ်ဆေးအဖွဲ့များက နေ့စဉ်မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ  Hand Speaker ဖြင့် လှည့်လည်ဆော်သြကာ လမ်းဆုံ၊ လမ်းခွနေရာများနှင့် အများပြည်သူသွားလာသည့် နေရာများ၊ ရပ်ကွက်များသို့ အရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူမှုအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)