မိုင်းဆတ်မြို့၌ Quarantine ထားရှိသူ (၁၄)ဦး၏ Swab နမူနာများ ဓာတ်ခွဲစစ်ဆေးရန် ဓာတ်ခွဲခန်းသို့ ပို့ဆောင်

မိုင်းဆတ် စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ Quarantine ထားရှိသူ (၁၄)ဦး၏ Swab နမူနာများအား ဓာတ်ခွဲခန်းစစ်ဆေးရန် ယမန်နေ့ညနေ(၄)နာရီကရယူခဲ့ကြောင်း သိရသည်။

Quarantine ထားရှိသည့် ရန်ကုန်မြို့မှပြန်လာသည့် အမျိုးသမီး (၆)ဦး၊ အမျိုးသား(၅)ဦး၊  ရခိုင် ပြည်နယ်မှလာသူနှင့် ကားအတူစီးလာသူအမျိုးသားယာဉ်မောင်း(၁)ဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လာသည့် အမျိုးသား(၂)ဦး စုစုပေါင်း(၁၄)ဦးတို့၏ Swab နမူနာများကို ဓာတ်ခွဲစစ်ဆေးရန် ကျန်းမာရေး ဌာနဝန်ထမ်းများက Swab နမူနာများရယူခဲ့ပြီး ယမန်နေ့ညနေပိုင်းက ကျိုင်းတုံမြို့သို့ သွားရောက် ပို့ဆောင်လျက်ရှိ ကြောင်းသိရသည်။

မြင့်မောင်