ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင်များ အိမ်တိုင်ရာရောက် ထောက်ပံ့

ကျောက်ပန်းတောင်း၊ စက်တင်ဘာ   ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် အမျိုးသားလူမှုရေးပင်စင်များကို ယမန်‌နေ့မွန်းလွဲ(၂)နာရီ က ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောင်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန်နှင့် ဝန်ထမ်းများသည် ကျောက်ပန်းတောင်းမြို့နယ် ရွာလုကျေးရွာမှ အဘိုးအဘွား(၄)ဦးနှင့် စည်ပေါက်ကန်ကျေးရွာရှိ အဘိုးအဘွား(၂)ဦးတို့အား အိမ်တိုင်ရာရောက်သွားရောက်ဂါရဝပြုပေးအပ်ခဲ့ကြသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် အမျိုး သားလူမှုရေးပင်စင်ရရှိသူ သက်ကြီးဘိုးဘွား စုစုပေါင်း(၁၈၆၄)ဦးရှိပြီး၊ စုစုပေါင်းငွေကျပ်(၅၅၉)သိန်း(၂)သောင်းကျပ်ကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပေးအပ်နိုင်ရန်ကိုလည်း ယနေ့နံနက်ပိုင်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စကားဝါခန် မတွင် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)