သတင်းများ

ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Primary Contacts) များကို အ.ထ.က (ထန်းတပင်) အခြေခံပညာ အထက်တန်းကျောင်းတွင် အသွားအလာကန့်သတ်ထားရှိမည်
Sep 16,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်နှံမှုများမရှိစေရေး အတွက် ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Primary Contacts) များကို အ.ထ.က (ထန်းတပင်)
သဲကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား သက်တမ်းတိုး စိစစ်ရောင်းချ
Sep 16,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေး လိုင်စင်များအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုးခြင်း၊ အညီအမျှခွဲဝေချထားပေး ခြင်း၊ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သဲကုန်းမြို့နယ် စည်ပင် သာယာရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ရေး ညမထွက်ရအမိန့်အား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပေးနှိုးဆော်
Sep 16,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးအတွက် ညမထွက်ရန်အမိန့်ရက်တိုး ထုတ်ပြန်ခြင်းကို ယမန်နေ့ည ၈ နာရီ အချိန်က မြို့ပေါ်ရပ်ကွက် လမ်းဆုံနေရာများတွင် လိုက်လံအသိ ပေး ကြေငြာခဲ့ကြသည်။
ကော့သောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show အွန်လိုင်းတင်ဆက်မှုအစီအစဉ်ဆောင်ရွက်
Sep 16,2020
လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်တစ်ရပ်ကို အွန်လိုင်းလွှင့်တင် အသိပညာပေးနိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (ကော့သောင်း)နှင့် ခရိုင်ဥပဒေရုံးတို့ပူးပေါင်းက ယမန်နေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာတွင် ဆောင်ရွက်ရိုက်ကူးခဲ့ကြောင်း သိရသည်။
တမူးခရိုင်၊ မြို့သစ်မြို့၊ (၇) ရက်တစ်စျေး‌နေ့တွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိနှင့် အပူချိန်တိုင်းတာခြင်းများ စစ်ဆေး
Sep 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် (၇) ရက်တစ်ဈေးနေ့သို့ လာရောက်ကြသူများအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိနှင့် အပူ ချိန်တိုင်းတာခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း မြို့သစ်မြို့၊စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မင်းတပ်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 16,2020
မင်းတပ်မြို့မစျေးနှင့် ပျံကျစျေးအတွင်းရှိ စျေးရောင်းစျေးဝယ်ပြည်သူများအား ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများကို ခရိုင်ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီအချိန်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့တွင် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ကြရေး အသိပညာပေး လှုပ်ရှားမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်
Sep 16,2020
ပြည်တွင်းကူးစက်မှုများ မြင့်တက်လာနေသည့် ကိုဗစ်-၁၉ ရောဂါ ပန်းတောင်းမြို့တွင် ကူးစက်ပြန့်ပွားမှု မရှိစေရန် ယမန်နေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉​ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်သိန်းဦးနှင့် မြိုနယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များ ၊ NGO အဖွဲ့အစည်းများ ပူးပေါင်းကာ ပန်းတောင်းမြို့ လမ်းထွက်သွားလာနေကြသူများ၊ စျေးသွားလာနေကြသူများအား ပါးစပ် နှာခေါင်းစည်းများ တပ်ဆင်ကြရေး အသိပညာပေး လှုပ်ရှားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များကို ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းပို့ချ
Sep 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဝန်‌ဆောင်မှုရုံး(OSS)၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်ပို့ချပေးသည်။