ထားဝယ်မြို့နယ်အတွင်း ကျေးရွာများရှိ စာသင်ကျောင်းများတွင် လိုအပ်လျက်ရှိသော ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း ထောက်ပံ့ပေးအပ်

ထားဝယ်၊ စက်တင်ဘာ ၁၆

နယ်စပ်ရေးရာဝန်ကြီးဌာနနယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာန က ထောက်ပံ့ပေးသည့် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ်၊ ဟိန္ဒားကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်းတွင် လိုအပ်လျက်ရှိသော ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်

ပေးအပ်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးမှာရှိသည့် ကျေးရွာများ၏ စာသင်ကျောင်းများတွင် စာသင်ကြားသောနေရာများ၌ အထောက်အကူပြုစေရန်ရည်ရွယ်ပြီး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်းနယ် စပ်ရေးရာဝန်ကြီးဌာနက မူဝါဒ (၄) ရပ် ချမှတ်ပြီး နယ်စပ်ရေးရာလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းမူဝါဒ (၄) ရပ်ထဲတွင်ပါဝင်သော လူ့စွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ထားဝယ်ခရိုင်အတွင်း စာသင်ကျောင်း (၅) ကျောင်းမြိတ်ခရိုင်အတွင်း စာသင်ကျောင်း(၆)ကျောင်း ကော့သောင်းခရိုင်အတွင်း စာသင် ကျောင်း (၄) ကျောင်းအတွက် လိုအပ်လျက်ရှိသော ကွန်ပျူတာပရင်တာမီးစက် (၁) လုံး စုစုပေါင်း (၁၅) စုံကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး လိုအပ်လျက်ရှိသော ကျောင်းများတွင် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျနှင့် တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးညွှန်ကြားရေးမှူး ဦးရန်လင်းအောင် တို့က စာသင်ကျောင်းအတွက် ကွန်ပျူတာပရင်တာနှင့် မီးစက်(၁)လုံးတို့ကို ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးရွှေလမင်းကလက်ခံယူပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျိုးဇက်က ကျေးဇူးတင်စကားပြောကြားခဲ့သည်

ဆက်လက်၍ လောင်းလုံးမြို့နယ်ရေဖြူကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ကျောင်းအတွက် ကွန်ပျူတာပရင်တာနှင့် မီးစက် (၁) လုံးတို့ကို ဆက်လက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)