မန္တလေး၊ စက်တင်ဘာ ၁၆
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ ဒေါနဘွားအဝေးပြေးယာဉ် ရပ်နားစခန်းတွင် ယမန် နေ့ မွန်းလွဲ၁နာရီက စတင်၍ ကုန်တင်ယာဉ်များအား ဖြတ်သန်းသွားလာခွင့်လက်မှတ်များ စိစစ်ထုတ်ပေးခြင်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့တွင်ပါဝင်ကြသော အောင်မြေသာစံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများဖြစ်ကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေါနဘွားကားကွင်းတာဝန်ခံတို့က ကုန်တင်ယာဉ်များအား ဖြတ်သန်းသွားလာခွင့်လက်မှတ်များ စိစစ်ထုတ်ပေးခြင်း၊ ယာဉ်ပေါ်လိုက်ပါမည့်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့အား ကိုယ်အပူချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး (အောင်စံ)