ညောင်ဦး၊ စက်တင်ဘာ ၁၆
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ညောင်ဦးမြို့ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနက ညောင်ဦးမြို့ လမ်းဆုံမီးပွိုင့်နေရာများနှင့် မဏိစည်သူဈေး ပတ်ဝန်းကျင်တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ပညာပေးလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများပေးဝေ လှုပ်ရှားမှုပြုလုပ်ခဲ့ကြာင်း ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်ကြူကြူလွင် (လက် ထောက်ညွှန်ကြားရေးမှူး) ထံက သိရသည်။
၃၅ နှစ်တာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် သက်ရှိများအတွက် အိုဇုန်းလွှာအကျိုးပြုမှုအား ညောင်ဦးမြို့လမ်းဆုံမီးပွိုင့်များတွင် အများပြည်သူသိရှိနိုင်ရန် ပညာပေး မြေစိုက်ဘုတ်စိုက်ထူပြသထားခြင်း၊ မဏိစည်သူဈေးပတ်ဝန်းကျင်နှင့် လမ်းဆုံနေရာများတွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ပညာပေးလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများအား ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလွင်နှင့်ဝန်ထမ်းများကာ လိုက်လံဝေပေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မြေစိုက်ဘုတ်၊ ပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်စည်းများ ပေးဝေ ခြင်းအား ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ပြု လုပ်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD