ကြည့်မြင်တိုင် စက်တင်ဘာ ၁၆
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန် အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများ လိုက်နာရမည့်အချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် နှိုးဆော်ပေး ကြောင်း သိရသည်။
အဆိုပါ ကြေညာချက်တွင် Mask တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ မိမိနေအိမ်တွင်သာ အတက်နိုင်ဆုံးနေထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး မထိကပ်ဘဲ ခပ်ခွာခွာနေခြင်း၊ ပစ္စည်းများ ကိုင်တွယ်ပြီးတိုင်း စျေးရောင်းချနေစဉ်အတွင်း၊ စျေးဝယ်နေစဉ်အတွင်း လက်အိတ်တပ်ဆင်ခြင်း၊ အပြင် ထွက်သည့်အခါတိုင်း မျက်နှာဖုံး Face Shield တပ်ဆင်ခြင်း အထက်ပါအချက်များ လိုက်နာကြပါက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်သောကြောင့် အလေးအနက် ထား တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)