ရွှေကူ စက်တင်ဘာ ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများအတွက် Access to Health Fund အထောက်အပံ့ဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း MHAA-Real Projectမှ ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းသုံး ပစ္စည်းများကို စက်တင်ဘာလ ၁၄ ရက် ညနေ ၃ နာရီခွဲအချိန်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး၌ ပေးအပ်လှူဒါန်းခဲ့သည်။
မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများအတွက် Access to Health Fund အထောက်အပံ့ဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း MHAA-Real Projectမှ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းရာ၌ Surgical Masks အရေအတွက်(၄၀၀၀)၊ Examination Gloves (၁၅၀၀၀)၊ Apron (၅၀၀၀)၊ Surgical Caps(၂၀၀၀)၊ Face Shield (၄၀)ခု၊ Hand Gel(500ml) (၁၀၀)ဘူး တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ စိုင်းထွန်းက လက်ခံရယူခဲ့သည်။
အဆိုပါ လှူဒါန်းပေးအပ်သော ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းသုံးပစ္စည်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှ ရွှေကူမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများသို့ ဆက်လက် ဖြန့်ဝေဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)