သံဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ အား ဆင့်ပွား သင်တန်းဖွင့်လှစ်

သံဖြူဇရပ်   စက်တင်ဘာ   ၁၇

၂၀၂၀ ပြည်နှစ်   နိုဝင်ဘာ (၈ ) ရက်နေ့တွင်  ကျင်းပမည့်   ပါတီစုံဒီမိုကရေစီ  အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်   သံဖြူဇရပ်မြို့နယ်  ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှရပ်ကွက်/ကျေးရွာအုပ်စု   ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲ ဆိုင်ရာ ဆင့်ပွားသင်တန်းကို    ယနေ့  နံနက်ပိုင်းကစတင်ကာ  အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း  ပညာ့ဗိမာန်ခန်းမ၌ ကျင်းပဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင်  မြို့နယ်ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဒေါက်တာဝေအောင် ကအဖွင့်အမှာစကားပြောကြားပြီး   မြို့နယ်ရွေးကောက်ပွဲ   ကော်မရှင်အဖွဲ့ခွဲ  အဖွဲ့ဝင်များမှ ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ  စွမ်းရည်မြှင့်သင်တန်း သင်ခန်းစာ  စာအုပ်ပါ လုပ်ငန်း လမ်းညွှန်များကို သင်ကြားပို့ချခဲ့ကြကြောင်း သိရသည်။

ယခု  ဖွင့်လှစ်သည့်  သင်တန်းကို   ရပ်ကွက်/ကျေးရွာ   အုပ်စု   (၄၁) အုပ်စုမှ  သင်တန်း  သား/သူ (၁၂၃) ဦးကို   ကိုဗစ် - ၁၉  ကြိုတင်ကာကွယ်ရေးအစီအမံနှင့်အညီ တစ်ကြိမ်ကို (၃၀) ဦးဖြင့် စက်တင်ဘာ  (၁၇ ) မှ (၁၈) ထိ(၂) ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသီ    ( ပြန်/ဆက်  )