မိုင်းလုံမြို့၌ ရောဂါဖြစ်ပွားရာဒေသမှပြန်လာသူ (၁၀)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာများ ရယူ

မိုင်းလုံ   စက်တင်ဘာ   ၁၇

ကိုဗစ်−၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊  မိုင်းလုံမြို့တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၁) ဦးမြစိုး၊ သားဖွားဆရာမ ဒေါ်နန်းမြဟန်နှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး ကော်မတီဝင်များ ပူးပေါင်း၍ ရောဂါဖြစ်ပွားရာဒေသမှ အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသူ (၁၀)ဦးထံမှ ယနေ့နံနက် (၉)နာရီခန့် က နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာများ ရယူခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မြို့သို့သွားရောက် အလုပ်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် အလယ်ရပ်ကွက်တွင် နေထိုင်သူ(၃)ဦး၊ မန္တလေးမြို့သို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် ခန္တီရပ်ကွက်တွင် နေထိုင်သူ(၆)ဦးနှင့် နားမျှောကျေးရွာတွင် နေထိုင်သူ(၁)ဦး၊ စုစုပေါင်း(၁၀) ဦး တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးအတွက် ယာယီစောင့်ကြည့်ရန် အသွားအလာကန့်သတ်ထားသော နေအိမ်တွင် နှာခေါင်းနှင့်အာခေါင်တို့ဖတ် နမူနာများ ရယူခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)