နောင်မွန်မြို့နယ်၌ ကဆန်ချောင်းအတွင်း လူတစ်ဦးမျောပါမှုဖြစ်ပွား

နောင်မွန်  စက်တင်ဘာ  ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ယနေ့နံနက် ၅ နာရီခွဲခန့်အချိန်တွင် လမ်းဦးစီးဌာနရုံး နောက် ကဆန်ချောင်းအတွင်း လူတစ်ဦးမျောပါသွားကြောင်း သိရသည်။

အဆိုပါမျောပါသွားသူမှာ နောင်မွန်မြို့နယ်အမှတ်(၅)ရပ်ကွက်နေ အဖ ဦးဆန်နိုင်ရင်၏သားဖြစ်သူ ဦးဆန်နိုင်ရမ်ဆာရ်း ဖြစ်ကြောင်း၊ ဦးဆန်နိုင်ရမ်ဆာရ်းသည် နံနက် ၅ နာရီခွဲ အချိန်ခန့်တွင် ၎င်း၏ ဇနီးဖြစ်သူအား ကဆန်ချောင်းတွင် ငါးဖမ်းရန်(ပိုက်ကွန်ပစ်) မည်ဟုပြောဆိုကာ ထွက်သွားကြောင်း သိရသည်။

ယခုအခါ ကဆန်ချာင်းရေသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများမြင့်တက်လျက်ရှိပြီး အဆိုပါ ဖြစ်စဉ်အား မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများမှ ယခုချိန်ထိရှာဖွေနေဆဲ ဖြစ်ကြောင်း နောင်မွန်မီးသတ်ဒုဦးစီးမှူး ဦးနေဝင်းသူထံမှ သိရသည်။

မြနန်း(ပြန်/ဆက်)