သန်လျင်၌ ပုံမှန်ဝင်ငွေမရှိသူများအား နိုင်ငံတော်မှပဉ္စမအကြိမ် ထောက်ပံ့ငွေများပေးအပ်

သန်လျင် စက်တင်ဘာ ၁၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသူများအား နိုင်ငံတော်မှ ထောက်ပံ့ငွေ များကို ယနေ့ နံနက်တွင် သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ကြီးကြပ်မှုဖြင့် လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

နိုင်ငံတော်မှထောက်ပံ့သည့် ထောက်ပံ့ငွေများကို ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ လက်ဝယ်အရောက် လျင်မြန်ပြည့်ဝစွာ ရောက်ရှိစေရေး နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှာကြားချက်အရ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သန်လျင်မြို့နယ် အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု တစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက ပြည်သူများလက်ဝယ် အရောက် လိုက်လံပေးအပ်လျက် ရှိသည်။

သန်လျင်မြို့နယ်တွင် ကိုဗစ်ကာလ နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသူ အိမ်ထောင်စု(၄၂၀၂၅)အတွက် တစ်အိမ်ထောင်လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ကျပ်သိန်း(၈၄၀၅၀၀၀၀၀)ကို ပဉ္စမအကြိမ်မြောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)