ပြင်စလူ စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ဆေးရုံသို့ မင်္ဂလာသိဒ္ဓိ ကျောင်းတိုက်ဆရာတော် အရှင်အာနန္ဒာနှင့် နာမကျန်းကူညီရေးအဖွဲ့ ကိုသန်းဇော်+မသီတာထွေး၊ (ကိုသိန်းထွန်း)+မမဖြူ တို့မှ အောက်စီဂျင်ဘူး (၁၀)ဘူးအား ယနေ့ နံနက် ၉ နာရီအချိန်က သွားရောက်လှူဒါန်း ပေးခဲ့သည်။
ထိုသို့လှူဒါန်းရခြင်းမှာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဆေးရုံတွင် အောက်စီဂျင်ဘူးများ လုံလုံ လောက်လောက် ရှိစေရန် လှူဒါန်းရခြင်းဖြစ်ကြောင်းနှင့် ဆက်လက်၍ လိုအပ်လာမည့် အောက်စီဂျင်ဘူးများကို ထမ်မံ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ဖြိုးသူ (ပြန်/ဆက်)