ပခုက္ကူမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများ ထုတ်ပေး

ပခုက္ကူ   စက်တင်ဘာ ၁၇

ပခုက္ကူမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နေစဉ်အတွင်း  နိုင်ငံတော် အစိုးရမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို  ယနေ့ နံနက် ၁၀ နာရီက ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ၌ စတင်ထုတ် ပေးသည်။

ပခုက္ကူမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၃၆၃၅၉ စုအတွက် အိမ်ထေင်စုတစ်စုလျှင် ငွေကျပ်နှစ်သောင်းနှူန်းဖြင့် ငွေကျပ် ၇၂၇၇၁ ဒသမ ၈ သိန်း ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများသို့ ထုတ်ပေးခြင်းဖြစ်ပြီး ရပ်ကွက်ကျေးရွာအလိုက် ပြည်သူများထံ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုတမာ(ပြန်/ဆက်)