ကြည့်မြင်တိုင်မြို့နယ်တွင် Quarantine Centre အဖြစ်ထားရှိမည့် အ.ထ.က(၁)စာသင်ကျောင်းအား ကြည့်ရှုစစ်ဆေး

ကြည့်မြင်တိုင်  စက်တင်ဘာ   ၁၇

ရန်ကုန်အ​နောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ် COVID-19 ရောဂါကူးစက် ပျံ့နှံမှုများမရှိ စေရေးအတွက် မြို့နယ်အတွင်းရှိ စောင့်ကြည့်လူနာများအား သီးခြားနေထိုင် စောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေးအတွက် Quarantine centre ပြန်လည်ဖွင့်လှစ်​ဆောင်ရွက်ထားရှိမည့် အ.ထ.က(၁) အခြေခံပညာအထက်တန်း ကျောင်းကို ယမန်​နေ့က မြို့နယ်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြည့်ရှုစစ်​ဆေးရာတွင် မြို့နယ်အတွင်းရှိလွှတ်​တော် ကိုယ်စားလှယ်များ၊ မြို့နယ်ကိုဗစ်-၁၉​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ သွား​ရောက်ကြည့်ရှု၍ ကြိုတင်ပြင်ဆင်နိုင်​ရေး ညှိနှိုင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)