ကော့မှူး စက်တင်ဘာ ၁၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ပေးအပ်သည့် တတိယအကြိမ် ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက် ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးထက်ဝင်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများကို မိမိတို့ ကျေးရွာ ရောက်ရှိပါက အခြေခံလူတန်းစားများ လက်ဝယ် အရောက် အမြန်ထုတ်ပေးဆောင်ရွက် ကြရန် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လူစုလူဝေးမဖြစ်စေရေးနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီစနစ်တကျ ဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချူပ်ရေးမှူးဦးထက်ဝင်းနှင့် တာဝန်ရှိသူများကမြို့နယ်အတွင်း ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စု(၂၅၀၄၂)စုအတွက် တတိယအကြိမ်အဖြစ် အိမ်ထောင်စု တစ်စုလျှင် (၂၀၀၀၀) ကျပ်(ကျပ်နှစ်သောင်းတိတိ)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၅၀၀၈၄၀၀၀၀) အား ရပ်ကွက်/ ကျေးရွာ (၆၂)အုပ်စုမှ ရပ်/ကျေး အုပ်ချူပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ကူးစက် ရောဂါနှင့်ပတ်သက်သည့် အသိပညာ ပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကပေး အပ်သည့် လက်ကိုင် စပီကာများအား ရပ်ကွက်/ ကျေးရွာ အုပ်စုတစ်စုလျှင် (၁)ခုနှုန်းပေးအပ်ခဲ့ ကြောင်း သိရသည်၊
ကျော်သူရ (ကော့မှူး)