မိုင်းဖြတ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက် ကလေးငယ်များကို ထောက်ပံ့ကြေးများ အိမ်တိုက်ရာရောက်ပေးအပ်
Sep 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂နှစ်အောက် ကလေးများကို ထောက်ပံ့ကြေးများကို KBZ Pay များမှတစ်ဆင့် ထောက်ပံ့ပေး လျက်ရှိရာ KBZ Pay ကနေ ထုတ်ယူရန် အခက်အခဲရှိသူများကို ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကမ္ဘောဇဘဏ်ဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။