ဖလမ်း-ရိခေါ်ဒါရ် ကားလမ်းမရှိ ထိန်းစာန်းကျေးရွာ၌ လမ်းကြောင်းပြုပြင်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်

ရိခေါ်ဒါရ် စက်တင်ဘာ ၁၇

ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့်ရိခေါ်ဒါရ် မြို့တို့အား ဆက်သွယ်ထားသည့် ဖလမ်း-ရိခေါ်ဒါရ် လမ်းကြောင်း ပြုပြင် ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင် ဦးဆောင်ပြီး လမ်းဦးစီးဌာနတာဝန်ခံ ဒေါ်မိုင်မာလာ၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ဦးဆလိုင်းသိန်းဌေးလွင်၊ ရိခေါ်ဒါရ်မြို့ အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာ၊ အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်နှင့် လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ () ဦးဗျားဇမုန်တို့အဖွဲ့သည် ယမန့်နေ့ က ဖလမ်းမြို့နယ်၊ ထိန်းစာန်း ကျေးရွာအနီး၌ နယ်မြေဒေသအရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖလမ်း-ရိခေါ်ဒါရ် လမ်းကြောင်းပြုပြင်ရေး ကွင်းဆင်းဆောင်ရွက်မှုသည် ဖလမ်း- ရိခေါ်ဒါရ် လမ်းကြောင်း အနီးရှိ ထိန်းစာန်းကျေးရွာ ပြည်သူလူထုများမှ မိမိတို့ကျေးရွာအား ဖလမ်း- ရိခေါ်ဒါရ် မော်တော်ကား လမ်းကြောင်းအနီး၌ ရှိပါသော်လည်း လမ်းမကြီးသည် ကျေးရွာအတွင်း ဖြတ်သန်းသွားခြင်း မရှိဘဲ ကျေးရွာနှင့်အပေါ်ပိုင်း၌ ဖြတ်သွားခြင်းကြောင့် စားဝတ်နေရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားသော ကိစ္စရပ်များ၌ အဆင်မပြေမှုများရှိပြီး မိမိတို့ ကျေးရွာအား အဆိုပါ ကားလမ်းမအနီးသို့ ပြောင်းရွှေ့သွားမည် ဆိုပါကလည်း သောက်သုံးရေ သွယ်ယူစရာမရှိဘဲ အခက်အခဲရှိနေကြောင်း၊ သို့ဖြစ်ပါ၍ ဖလမ်း-ရိခေါ်ဒါရ် လမ်းကြောင်းအား မိမိတို့ ကျေးရွာကို ဖြတ်၍ လမ်းကြောင်းပြုပေးပါရန် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုမှု အပေါ် ကွင်းဆင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

လမ်းကြောင်း စစ်ဆေးဆောင်ရွက်သည့် ကွင်းဆင်းအဖွဲ့သည် ထိန်းစာန်းကျေးရွာ ပြည်သူများနှင့် တွေ့ဆုံကာ ဖလမ်း-ရိခေါ်ဒါရ် ကားလမ်းကြောင်းအား လက်ရှိလမ်း၏ အောက်ဖက်၌ ဖောက်လုပ် ပြုပြင်လိုသည့် နေရာများ၊ ပထဝီမြေ အနေအထားအရ အဆင်ပြေသည့် နေရာများနှင့် ကျေးရွာကိုဖြတ်၍ ဖောက်လုပ်နိုင်မည့် နေရာများ လေ့လာဆန်းစစ်ပြီး နယ်မြေဒေသအရောက် ကွင်းဆင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ လမ်းကြောင်းပြုပြင် ဆောင်ရွက်မည့်နေရာ၊ အတိုင်းအတာနှင့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်မှုများကို ကျေးရွာပြည်သူများနှင့်ပူးပေါင်း၍ အမြန်ဆုံးဆောင်ရွက်ကာ သက်ဆိုင်ရာသို့ ဆက်လက် တင်ပြပေးသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)