မြို့သစ်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ယာဉ်/လမ်း အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မြို့သစ် စက်တင်ဘာ  ၁၇

မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို တာဝန်ရှိသူများ ပူးပေါင်းကာ ယမန်နေ့နံနက်က အရှိန်ဟုန်မြှင့်ဆောင် ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရဲတပ်ကြပ်ကြီးမျိုးထွေးနှင့်တပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့သည် တောင်တွင်းကြီး-မြို့သစ် ကားလမ်းနှင့် မြို့သစ် ကားလမ်းဆုံတွင်  ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခြင်း၊ ဆိုင်ကယ် စီးနင်းသူများကိုယာဉ်/လမ်းစည်းကမ်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ရာဆိုင် ကယ်စီးနင်းသူများတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းပြီး (Mask) နှာခေါင်းစည်း မတပ်ဆင်သူ   (၆) ဦး၊ ဆိုင်ကယ်ရှေ့မီးကြီး မဖွင့်ပဲမောင်းသူ (၄) ဦးတို့အား အသိပညာပေးဆောင်ရွက်ခဲ့ပြီး (Mask) နှာခေါင်း စည်းတပ်ဆင်ပြီး  ဆိုင်ကယ် ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးနင်းသူ  (၁၅) ဦးတို့အား ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ-၈၇ အရ လည်းကောင်း၊ သက်တမ်းလွန် ယာဉ်မောင်းနင်သူ ယာဉ်မောင်း(၂) ဦးကို  ၂၀၂၀ ပြည့်နှစ်  ယာဉ်/ လမ်းအန္တရာယ်ကင်းရှင်း ရေးမော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ အရလည်းကောင်း စုစုပေါင်း (၁၇) မှု အရေးယူဆောင် ရွက်နိုင်ခဲ့ကြောင်းသိရသည်။

 

သန်းဝင်ထွန်း( ပြန်ဆက်)