တီးတိန်မြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်(ခွဲ)ရုံး အဆောက်အဦသစ် တည်ဆောက်မှုလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

တီးတိန် စက်တင်ဘာ ၁၇

ချင်းပြည်နယ်၊ တီးတိန်မြို့၌ တည်ဆောက်လျက်ရှိသည့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ တီးတိန်မြို့နယ်ဘဏ် (ခွဲ)ရုံး အဆောက်အဦသစ် တည်ဆောက်ခြင်းလုပ်ငန်း ယနေ့တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုံးအဆောက်အဦသစ်သည် (၄၀ပေ ×၂၄ပေ ×၂၂ပေ)RCC နှစ်ထပ်ဖြစ်ပြီး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ် ၇၈၀ သိန်းဖြင့် KA ZAITHA ကုမ္ပဏီမှ ၂၃..၂၀၂၀ ရက်နေ့မှစတင်၍ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ လုပ်ငန်းပြီးစီးမှု ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအားလုံး ရာနှုန်းပြည့်​ပြီးစီးပြီဖြစ်ကြောင်း တီးတိန်မြို့နယ် မန်နေဂျာ ဦးထောင်းခမ်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)