ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် ထောက်ပံ့ ပစ္စည်းများပေးအပ်

ဂန့်ဂေါ စက်တင်ဘာ ၁၇

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကိစ္စရပ်များတွင် အသုံးပြုရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ထောက်ပံ့သည့် Hand held mega phone , Thermal Scanner , Hospital suit , အဝတ် Mask များ ရပ်ကွက် ကျေးရွာများသို့ ထောက်ပံ့ပေးအပ်ပွဲများကို စက်တင်ဘာ ၁၅ ရက်နှင့် စက်တင်ဘာ ၁၆ ရက်များတွင် ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ထိုသို့ ပေးအပ်ရာတွင် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ဂန့်ဂေါမြို့နယ် မင်းရွာကျေးရွာဒေသရှိ ကျေးရွာများနှင့် ကျောမြို့နှင့် ပတ်ဝန်းကျင် ဒေသရှိ ကျေးရွာများသို့လည်းကောင်း၊ ညနေပိုင်းတွင် ကန်ကျေးရွာနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများသို့လည်းကောင်း၊ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဂန့်ဂေါမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့လည်းကောင်း ရပ်ကွက်၊ ကျေးရွာများရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများထံ ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

အဆိုပါပေးအပ်ပစ္စည်းများမှာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် အသုံးပြုရန်ဖြစ်ပြီး ပေးအပ်ပွဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့် တာဝန်ရှိသူများက ဂန့်ဂေါမြို့နှင့် ကျောမြို့ရှိ ရပ်ကွက်များ အပါအဝင် ရပ်ကွက်၊ကျေးရွာ(၇၇)အုပ်စုအတွက် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

မျိုးမင်းသန်း(ပြန်/ဆက်)