ရွှေကျင်မြို့တွင် သဘာဝရေပြင်အတွင်း ငါးသားပေါက်စုပေါင်း စိုက်ထည့်ခြင်းနှင့် အင်းသားကြီးများအား ငါးသားပေါက်ပေးအပ်ပွဲ ကျင်းပ

ရွှေကျင် စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ပျဉ်မပင်ရပ်ကွက် မီးမျှောပွဲတော်ကျင်းပရေး ဗဟိုမဏ္ဍပ်တွင် ရွှေကျင်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်စိုက်ထည့်ခြင်းနှင့် အင်းသားကြီးများအား ငါးသားပေါက် ပေးအပ်ပွဲကို ယ‌နေ့နံနက် ၈နာရီအချိန်က ကျင်းပသည်။

ရွှေကျင်မြို့နယ်အတွင်း ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေ‌ရေး၊ ငါးသယံဇာတများ ပေါများစေရေး ငါးများကို ကျေးလက်နေ ပြည်သူများ လွယ်လင့်တကူ စားသုံးနိုင်စေရန်နှင့် ငါးရိက္ခာတိုးတက် ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ ငါးသားပေါက်များကို ရွှေကျင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဦးက တက်ရောက်လာကြသော ဌာနဆိုင်ရာများသို့ ငါးသားပေါက်များကို ပေးအပ်ခဲ့ပြီး ရွှေကျင်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ (၂)သိန်းခွဲကို စုပေါင်းစိုက်ထည့်ခဲ့ကြသည်။ ဆက်လက်ပြီး မြို့နယ်ဦးစီးမှူး ဦးသိန်းဦးက ရွှေကျင်မြို့နယ်အတွင်းရှိ ဂရမ်အင်း(၃၀)အတွင်းသို့ ငါးသားပေါက်များ စိုက်ထည့်ရန်အတွက် ငါးမြစ်ချင်းအကောင်ရေ (၁)သိန်းနှင့် ငါးခုံးမကြီးကောင်ရေ (၈၇၁၆၁)ကောင်တို့အား အင်းသားကြီးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)