ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော် အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်မှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် (၃၈)ရပ်ကွက်မှ ပုံမှန် ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စု (၁၄၄၂၄)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်း ဖြင့် စုစုပေါင်း ငွေကျပ် (၂၈၈၄၈၀၀၀၀)အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦး အောင်ထိုက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့တို့က ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)