မိုးမောက် စက်တင်ဘာ ၁၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်သို့ ပြည်နယ်ကျော် ပြင်ပမှပြန်လည် ရောက်ရှိလာသူများအား ကျန်းမာရေး ဌာနမှ Swab နမူနာများ ရယူပြီး မြစ်ကြီးနား မှတစ်ဆင့် ရန်ကုန်ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မိုးမောက်မြို့နယ် မန်နောင်ကျေးရွာ၊ မခွယ်ကျေးရွာ၊ နှင်းအီကျေးရွာ၊ နောင်းကုန်ကျေးရွာ၊ နောင်ပေါင်း ကျေးရွာ၊ အောင်မြေကျေးရွာ၊ ကြံခင်းကျေးရွာများရှိ Facility Quarantine ဖွင့်လှစ်ထားသောနေရာမှ စောင့်ကြည့်လူနာ (၃၂)ဦးနှင့် လွယ်ဂျယ်မြို့မှ (၁၄)ဦး စုစုပေါင်း(၄၆)ဦး တို့ကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ တင်မေသင်း၊ ဓာတ်ခွဲကျွမ်းကျင် ဦးအောင်စိုးမင်းနှင့် ကျန်းမာရေးကြီးကြပ်-၂ ဒေါ်ချမ်းစိမ့်သူ၊ ဒေါ်နီလာစိုးတို့သည် ယမန်နေ့ နံနက်(၇)နာရီမှ ညနေ(၆)နာရီအထိ ကျေးရွာအရောက်ကွင်းဆင်း၍ Swab နမူနာရယူခြင်း ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ကြရန်တို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
လွန်းနန်းထွေး(ပြန်/ဆက်)