ကျိုင်းတုံ စက်တင်ဘာ ၁၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အသက် ၁၅ နှစ်အောက် ကလေးငယ်များအား ဆုံဆို့ နာကာကွယ်ဆေးအပါအဝင် အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲ က အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့သစ်ဘုန်းတော်ကြီးကျောင်းတို့၌ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆုံဆို့နာ ကာကွယ်ဆေးအပါအဝင် အမီလိုက်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးရသည့် အကြောင်းအရင်းများ၊ ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများကို ကလေးမိဘများအား အသိပညာ ပေးပြောကြားကြပြီး ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ကလေးတစ်ယောက်သည် သူ့အသက်အရွယ်၌ ရသင့်ရထိုက်သည့် ကာကွယ်ဆေးများကို ငယ်စဉ်က အကြောင်းအမျိုးမျိုးကြောင့် မရခဲ့လျှင် အမီလိုက်ပေးသည့်အနေဖြင့် လက်ရှိဖြစ်ပွားနေသည့် ဆုံဆို့ နာရောဂါ ကာကွယ်ဆေး အပါအဝင် ရပ်ကွက်များအလိုက် ဆက်လက်ထိုးနှံတိုက်ကျွေးပေးသွား မည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်အေးဘေနှေးဇာ ထံမှ သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)