အုတ်ဖို၊ စက်တင်ဘာ ၁၉
ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ (၁၈.၉.၂၀၂၀) ရက်နေ့နံနက် သတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂) ဦး ထွက်ပေါ်ခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရောဂါပိုးပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရောဂါပိုးအတည်ပြု လူနာနှင့်တိုက်ရိုက်ထိတွေ့သူများအား နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာရယူ၍ ပြည်သူ့ကျန်း မာရေးဓါတ်ခွဲမှုဆိုင်ရာ(ရန်ကုန်)သို့ ပေးပို့စစ်ဆေးလျှက်ရှိပြီး လူနာ၏မိသားစုနှင့် ထိတွေ့ခဲ့သူများအား Quarantine ထားရှိဆောင်ရွက်လျှက်ရှိပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ ကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းလွင်နှင့်အဖွဲ့၀င်များသည် ရှမ်းကုန်းအုပ်စုအောင်လံစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် Quarantine center သို့ သွားရောက်ကြည့်ရှုပြီး Quarantine ဝင်ရောက်နေသူများအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားကာကျေးရွာ ကိုဗစ်- ၁၉ ကော်မတီ၀င်များနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)