လှိုင်းဘွဲမြို့နယ် ပတ်ကျောကျေးရွာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၁၆)စု အတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

လှိုင်းဘွဲ         စက်တင်ဘာ    ၁၉

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက်  စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က ပတ်ကျောကျေးရွာ၌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများက ပတ်ကျောကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ကျပ် (၂၀,၀၀၀/-) နှုန်းဖြင့် အိမ်ထောင်စု(၁၁၆)စုအတွက် ထောက်ပံ့ငွေများကို ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)