ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်နိုင်ရေး ရပ်ကွက်/ကျေးရွာများအတွက် Hand Speaker ထောက်ပံ့ပေးအပ်

လှိုင်းဘွဲ     စက်တင်ဘာ   ၁၉

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရပ်ကွက်/ကျေးရွာများအတွက် Hand Speaker များ ထောက်ပံ့ပေးခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်မှူးများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်နေ သည့် လုပ်ငန်းများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အသိပေးချက်၊ ညွှန်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီ ပြည်သူများ သိရှိနိုင်စေရန် ကြေညာနိုင်ရေးအတွက် အထောက်အကူပြုသည့် Hand Speaker များ ထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်း ပြောကြားပြီး ရက်ကွက်/ကျေးရွာများအတွက် Hank Speaker အလုံး(၉၀)ကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးများ ထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)