လှိုင်းဘွဲ စက်တင်ဘာ ၁၉
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အားကာစားနှင့်ကာယပညာဦးစီးဌာနက Physical Fitness Dance ကို Online မှတစ်ဆင့် တင်ဆက်ခြင်းအား ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဆောင်ရွက်ခဲ့သည်။
မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူးနှင့် Physical Fitness Dance အဖွဲ့က Myanmar Fitness Dance (MFD)ကို Online မှတစ်ဆင့် အပတ်စဉ် သောကြာနေ့တိုင်း ပြည်သူ့စာကြည့်တိုက်တွင် တင်ဆက်ပေးသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသော မိဘပြည်သူများ၊ ကျန်မာရေး လိုက်စားသူများအတွက် လိုက်ပါဆောင်ရွက်နိုင် ပါကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)