လွိုင်ကော် စက်တင်ဘာ ၁၉
ကယားပြည်နယ် လွိုင်ကော် မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ်မြောက် နိုင်ငံတော်မှထောက်ပံ့သည့် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းတို့က လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာ အုပ်စုများသို့ သွားရောက်၍ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
လွိုင်ကော်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၇၁၃၁) စုအတွက် ထောက်ပံ့ငွေကျပ် (၁၄၂,၆၂၀,၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)