မတ္တရာမြို့နယ်၌ Mask Campaign ပြုလုပ်

မတ္တရာ စက်တင်ဘာ ၂၀

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ရေး Mask Campaign ကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၅)ရပ်ကွက်ရှိ မန္တလေး-မိုးကုတ်ကားလမ်း မြို့အဝင်လမ်းဆုံနှင့် စည်ပင်သာယာမြို့မစျေးအနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ပြန်လည်အသုံးပြုနိုင်သော နှာခေါင်းစည်းများအား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ပြည်သူ များကို အဝတ်နှာခေါင်းစည်း(၄၅၀၀)ခု ဝေငှပြီး မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်းများမပြုလုပ်ရေး၊ သွားလာခဲ့ပါက  ထွက်ခွာတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးတို့ကို အသိပညာပေးပြောကြားခဲ့ သည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အဖွဲ့စုံဖြင့် မြို့အဝင် နှင့် မြို့အထွက်များတွင် စစ်ဆေးဂိတ်များ ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)