စုကလိ စက်တင်ဘာ ၂၀
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ငွေများကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ပေါ် ရပ်ကွက်နေ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြည်သူများလက်ဝယ် အရောက် ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် စုကလိမြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်းနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်နေ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၃၅ စုအတွက် တစ်အိမ်ထောင်စုလျှင် ကျပ် ၂ သောင်းနှုန်းဖြင့် စုစုပေါင်း ၇ သိန်းကျပ်ကို ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)