တာမိုးညဲ စက်တင်ဘာ ၂၀
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို လူမှုဝန်ထမ်းဦးစီးဌာနက (KBZ Pay) မှ တစ်ဆင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ (KBZ Pay)မှ ထောက်ပံ့ငွေများ ထုတ်ယူရန် အခက်အခဲကြုံတွေ့နေကြသည့် အသက်(၂)နှစ်အောက် ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း(၃၁)ဦးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က တာမိုးညဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပြန်လည်ပေးအပ်သည်။
အဆိုပါ (KBZ Pay)မှ ထောက်ပံ့ငွေထုတ်ယူရန် အခက်အခဲကြုံတွေ့နေကြသည့် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း(၃၁)ဦးအတွက် ကွတ်ခိုင်မြို့၊ ကမ္ဘောဇဘဏ်ခွဲ၊ ဝန်ထမ်းများက ထောက်ပံ့ငွေများကို လာရောက် ထုတ်ယူပေးအပ်ခြင်းဖြစ်ပြီး တာမိုးညဲမြို့နယ် အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်(၃၁)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၉၀)ဦး စုစုပေါင်း(၁၂၁)ဦးတို့ကို တစ်လ(၁)သောင်းခွဲကျပ်နှုန်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ ကြောင်း သိရသည်။
ဌေးဌေးကြည်(ပြန်/ဆက်)