ညောင်ရွှေ စက်တင်ဘာ ၂၀
(၆၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝေလင်း ဦးဆောင်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီခန့် က နန်းသဲကျေးရွာရှိ ကျောက်ဖြူကြီးဘုရား အနီးတစ်ဝိုက်၌ ဆောင် ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ ညောင်ရွှေယာဉ်ထိန်း တပ်ဖွဲ့စိပ်မှ တပ်ဖွဲဝင်များ၊ အမှတ်(၇) ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ ကျောက်ဖြူကြီး ဘုရားရင်ပြင်တော်တစ်ဝိုက်တွင် ခြုံနွယ်များခုတ်ထွင်ခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်းနှင့် ခြင်ပေါက်ဖွားမှုမရှိ စေရေး ရေဝပ်သည့်နေရာများ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ