အင်တော စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ) အတွက် နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့သည့် လူမှုရေးပင်စင် ခံစားခွင့်ရရှိသော အသက် (၈၅) နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို စက်တင်ဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးငွေများ ပေးအပ်ရာတွင် ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ လူမူရေး ပင်စင်ခံစားခွင့်ရရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၉)ဦးအတွက် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လစဉ်နိုင်ငံတော်မှ တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ)အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၇၅၀၀၀၀)ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းအောင်၊ ကျေးရွာအုပ်စုစာရေးနှင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတာဝန်ခံများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အောင်ခိုင် (အင်တော)