Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကျန်းမာရေး စစ်ဆေးသည့်ဂိတ် တွင် လက်သန့်ဆေးရည်တွဲလျက်ပါရှိသော အပူချိန်တိုင်း စက်အသစ်ထားရှိ
Sep 21,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ကျိုင်းတောင်းမြို့ တွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျိုင်းတောင်းမြို့ အဝင်အထွက် ကျန်းမာရေးစစ်ဆေးရေးသည့်ဂိတ်တွင် ယမန်နေ့ နံနက်ပိုင်းကစတင်၍ လက်သန့်ဆေးရည် တွဲလျက်ပါ ရှိသော အပူချိန်တိုင်း စက်အသစ် ထားရှိဆောင်ရွက်ထား ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စုပေါင်း သွေးလှူဒါန်း
Sep 21,2020
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗန်းမော်မြို့ အမှတ်(၁၀၀) ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဗန်းမော် ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်ဌာန၌ လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်တွင် Quarantine Centre များ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်း စစ်ဆေး
Sep 21,2020
ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ မိုးလုံလေလုံအားကစားရုံနှင့် အ.ထ.က(ခွဲ) အေးမြသီတာကျောင်းတို့၌
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ် ပိုးစားတောကျေးရွာတွင် ကျေးရွာကုန်ထုတ်လမ်းလုပ်ငန်း ဆောင်ရွက်နေမှု ရာနှုန်းပြည့်ပြီးစီး
Sep 21,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ပိုးစားတောကျေးရွာတွင် ကျေးရွာ ကုန်ထုတ်လမ်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေမှုအား မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ နေအိမ်အရောက် ပေးအပ်
Sep 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ နိုင်ငံတော်က ချီးမြှင့်ထောက်ပံ့သည့် လူမှုရေးပင်စင်ခံစားခွင့်ရှိသည့် အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက နေအိမ်များအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၅၆)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်နောင်ချိုပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 21,2020
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်၍ ပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့၊ မဲလရောကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများလက်ဝယ်အရောက်ပေးအပ်
Sep 21,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား
အပြည့်အစုံ ဖတ်ရန်
Online တစ်ဦးချင်း အမျိုးသားဘောလုံးကျွမ်းကျင်မှုပြိုင်ပွဲနှင့် အမျိုးသမီး Physical Fitness Dance ပြိုင်ပွဲကျင်းပမည်
Sep 21,2020
ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ချင်းပြည်နယ်ဘောလုံး အားကစား တိုးတက်စေရန်နှင့် ကိုဗစ်-၁၉ ကာလ ကျန်းမာကြံ့ခိုင်ပြီး လှုပ်ရှားမှုများပြုလုပ်နိုင်ရန် Online တစ်ဦးချင်း အမျိုးသားဘောလုံးကျွမ်းကျင်မှုပြိုင်ပွဲနှင့် အမျိုးသမီးအမျိုးသမီး Physical Fitness Dance ပြိုင်ပွဲကို စက်တင်ဘာလ(၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30043
Page
30044
Page
30045
Page
30046
Current page
30047
Page
30048
Page
30049
Page
30050
Page
30051
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department