ကန်ပက်လက် စက်တင်ဘာ ၂၁
ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ချင်းပြည်နယ်ဘောလုံး အားကစား တိုးတက်စေရန်နှင့် ကိုဗစ်-၁၉ ကာလ ကျန်းမာကြံ့ခိုင်ပြီး လှုပ်ရှားမှုများပြုလုပ်နိုင်ရန် Online တစ်ဦးချင်း အမျိုးသားဘောလုံး ကျွမ်းကျင်မှုပြိုင်ပွဲနှင့် အမျိုးသမီးအမျိုးသမီး Physical Fitness Dance ပြိုင်ပွဲကို စက်တင်ဘာလ(၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဘောလုံးကျွမ်းကျင်မှု ပြိုင်ပွဲသို့ အမျိုးသား အသက်(၁၃)နှစ်မှ (၂၅)နှစ်အတွင်း မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင်မည်ဖြစ်ပြီး အမျိုးသမီး Physical Fitness Dance ပြိုင်ပွဲတွင် အသက်အကန့်အသတ်မရှိ ဝင်ရောက်ယှဉ်ပြိုင် နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နေအိမ်၌ ဖုန်းဖြင့် Video File ရိုက်ကူး၍ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းနှင့် မြို့နယ် အဆင့် ရွေးချယ်ပြီးနောက် ချင်းပြည်နယ်အဆင့် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဘောလုံးကျွမ်းကျင်မှုပြိုင်ပွဲတွင် ဘယ်/ညာခြေဖျား Juggling (ဘောလုံးတော့)ပြိုင်ပွဲ၊ ဘယ်/ညာခြေခွင် Juggling (ဘောလုံးတော့)ပြိုင်ပွဲ၊ ဘယ်/ညာပေါင် Juggling (ဘောလုံးတော့) ပြိုင်ပွဲနှင့် ခေါင်းပြိုင်ပွဲ Juggling (ဘောလုံးတော့) ပြိုင်ပွဲစသည်ဖြင့် (၄)မျိုး ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းနှင့် ပထမဆု ကျပ်သုံးသိန်း၊ ဒုတိယဆု ကျပ်နှစ်သိန်းနှင့် တတိယဆု ကျပ်တစ်သိန်း ပြိုင်ပွဲ(၂)မျိုးအတွက် သီးခြားစီချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုလိန်း(ပြန်/ဆက်)