ဗန်းမော် စက်တင်ဘာ ၂၁
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗန်းမော်မြို့ အမှတ်(၁၀၀) ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဗန်းမော် ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်ဌာန၌ လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းရာတွင် အမှတ်(၁၀၀) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ဒုရဲမှူး သက်နိုင်ဦးက ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင် (၆)ဦး၊ မိသားစုဝင်(၅)ဦးတို့သည် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သွေးဖောက်ထုတ်လှူဒါန်းခဲ့ကြသည်။
“သွေးလိုအပ်တဲ့သူတွေ အရေးပေါ်လိုအပ်တဲ့သူတွေအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုပြီးတော့ တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေ စုပေါင်းပြီးတော့ သွေးလှူဒါန်းကြပါတယ်၊ အများပြည်သူက အရေးပေါ် သွေးလိုအပ်လာရင်လည်း ဆက်လက်လှူဒါန်း ပေးသွားမှာဖြစ်ပါတယ်” ဟု အမှတ်(၁၀၀) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူး ဒုရဲမှူးသက်နိုင်ဦးက ပြောသည်။
ကိန်းဖြူ(ပြန်/ဆက်)