ကျိုင်းတောင်း စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ကျိုင်းတောင်းမြို့ တွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျိုင်းတောင်းမြို့ အဝင်အထွက် ကျန်းမာရေးစစ်ဆေးရေးသည့်ဂိတ်တွင် ယမန်နေ့ နံနက်ပိုင်းကစတင်၍ လက်သန့်ဆေးရည် တွဲလျက်ပါ ရှိသော အပူချိန်တိုင်း စက်အသစ် ထားရှိဆောင်ရွက်ထား ကြောင်းသိရှိရသည်။
ကျိုင်းတောင်းမြို့သို့ အဝင်အထွက် သွားလာနေသည့် မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသော ရပ်နီးရပ်ဝေး ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင် အချက်အလက်များ ကောက်ယူခြင်းများလုပ်ဆောင်ပြီး ရပ်နီးရပ်ဝေး ခရီးသွားပြည်သူများအား လက်သန့်ဆေးရည် တွဲလျက်ပါရှိသော အပူချိန်တိုင်းစက်တွင် အပူချိန်တိုင်းတာ စေခြင်း လက်များကို လက်သန့်ဆေးရည်ဖြင့် လက်များကို ဆေးကြောစေခြင်း စသည့်အချက်များကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အရပ်ဖက်လူမှုကူညီ ရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ ကြပြီး အဆိုပါ လက်သန့်ဆေးရည် တွဲလျက်ပါရှိသော အပူချိန်တိုင်းစက်ကို ကျိုင်းတောင်းမြို့ရှိ ဌာနဆိုင်ရာများမှ လှူဒါန်း၍ ပစ္စည်းတန်ဖိုး ကျပ်(၃)သိန်းခန့်နှင့် အပူချိန် တိုင်းစက်အတွက် လျှပ်စစ်မီး သွယ်တန်းရာတွင် အသုံးပြု သည့် စပ်ဆက်ပစ္စည်း တန်ဖိုး ကျပ်(၁)သိန်းခွဲခန့် စုစုပေါင်း တန်ဖိုးငွေကျပ် (၄)ခွဲခန့် ရှိကြောင်း သိရသည်။
ပြန်/ဆက်(ကျိုင်းတောင်း)