နောင်ချို စက်တင်ဘာ ၂၁ ရက်
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်၍ ပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဝင်းထက် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ နှင့် ၎င်းတို့၏မိသားစုဝင်များက နောင်ချိုမြို့ပြည်သူ့ဆေးရုံဝန်းအတွင်း ပေါင်းမြက်ရှင်များရှင်းလင်းခြင်း၊ ခြင်ပေါက်ဖွားမှု မရှိစေရေးအတွက် ရေဝပ်သည့် နေရာများ ရှင်းလင်းခြင်း တိုကို နံနက် (၇:၀၀) နာရီမှ (၁၀:၃၀) နာရီအထိ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို− ပြန်ဆက်