မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်
Sep 21,2020
မြန်မာနိုင်ငံအတွင်း လတ်တလောကာလတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ များပြား လာသောကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် ၈ နာရီအချိန်ကစ၍ ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို နမ့်ပိန်ရပ်ကွက် အချက်အခြာကျသည့် ဦးအာသားဖာ၏အိမ်ရှေ့ ကျောက်မဲ-မိုင်းလုံ-မိုးကုတ် လမ်းမကြီးတွင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။